Friday, August 31, 2007

အဖေ့သီချင်းတွေပြန်ဆိုဖို့ နည်းနည်းပါးပါးကျန်ပါသေးတယ်
ဂီတလောကမှာတစ်ချိန်ကနာမည်ကျော်ကြား၊ အောင်မြင်လှတဲ့ တေးရေးစောဘွဲ့ မှူးကို ယနေ့ထိ ပရိသတ်တွေ မမေ့နိုင်ကြသေးတဲ့အကြောင်းအရင်းမှာ သူ့ရဲက ဂီတမျိုးဆက်သားသမီးတွေနှင့် အခြားဂီတပညာရှင်များက စောဘွဲ့ မှူးရဲ့ သီချင်းကို ဖော်ထုတ် အသိအမှတ်ပြုခဲ့ကြခြင်းကြောင့်ဖြစ်ပေလိမ့်မည်။ဖခင်ဖြစ်သူရဲ့ သီချင်းများကို သီဆိုရင်းအောင်မြင်မှု ရလာခဲ့ပေမယ့် ယခုအချိန်မှာကိုယ်ပိုင်သီချင်းများနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်တဲ့ သမီးကြီးဖြစ်သူ ကဗျာဘွဲ့ မှူးက ယခုလို ပြောကြားခဲ့ပါတယ် ဒီစီးရီးကိုလုပ်ထားတာ ၂ နှစ်လောက်ရှိသွားပြီ။ ခိုးကူးခွေတွေကြောက်လို့ ခဏငြိမ်နေတာ။ ဦးပီးပေါ်ကလေ ကြာလာတော့မထူးဘူးဆိုပြီးထွက်လိုက်တာ။အစ်မက ၂ နှစ်လောက်ပျောက်သွားတယ်လေ။ သမီးလေးမွေးလိုက်တော့ ပရိသတ်အတွက် အချိန်ယူလိုက်သလိုဖြစ်သွားတာနဲ့ တစ်ခွေလုံးအသစ်တွေချည်းပဲလုပ်ထားပါတယ်။ အစ်မဆိုနေကြ အသံအေးအေးလေးနဲ့ လိုက်မယ့်ပေါ့လေးတွေချည်းရွေးထားပါတယ်။အားအရဆုံးသီချင်းက ဟဲလေးရေးပေးတဲ့ ရင်တွေပူနေတယ်အချစ်လေး ကို နည်းနည်းအားရာတယ်။ တေးရေးဆရာတွေကို သီချင်းစအပ်ကတည်းက အစ်မဖြစ်စေချင်တာကိုလည်းပြောပြတယ်လေ။ ကိုယ်နဲ့ လိုက်ဖက်မယ့် သီချင်းကိုလည်း သူတို့က အကြံပေးတယ်။အစ်မရဲ့ အစ်ကို ဘွဲ့လေးက သီချင်းရေးပြီးသားလေ။ကြိုက်လို့ယူဆိုလိုက်တာ။တိတ်၊ စီဒီ အရင်ထွက်မယ်။ VCD ကတော့ နောက်နှစ်ပတ်ကြာမှ ထွက်မယ်။ VCDဒါရိုက်တာ ၀ိုင်းလေ။အစ်မသီချင်းက အလွမ်းတေးလေးတွေများတော့မိန်းကလေးပရိသတ်တွေကြိုက်တာပေါ့။အဟဲ စုံတွဲ အခွေက မီးခဲနဲ့ အတွဲခွေ လုပ်နေကြပြီ။ မီးခဲက သူ့စတိုင်လေးနဲ့ သူ။အစ်မက ကိုယ်စတိုင်နဲ့ ကိုယ်ဆိုကြမယ်။အချစ်သီချင်းတွေလဲ ပါမယ်။အဖေ့သီချင်းတွေထည့်ဆိုမယ့်လို့ စိတ်ကူးထားပါတယ်။ ဒါမှ Family Type လေးဆန်သွားမှာပေါ့။အဖေ့သီချင်းသူများတွေယူဆိုနေတာ ကျန်သေးရဲ့လားဆိုတော့ တစ်ပုဒ်တစ်လေတော့ ကျန်ပါသေးတယ်။အဲဒီအခွေလေးက ကာလာမတူတဲ့ ညီအစ်မနှစ်ယောက်ရဲ့ သီချင်းတွေပါမှာဆိုတော့ ထူးခြားမယ်။ မီးခဲ က အနှေးဘယ်လို၊ အမြန်ဘယ်လို ဆိုတဲ့သီချင်းဆိုခြင်းရဲ့ သဘောတရားကို သူကကျွမ်းပြီးသားလေ။ အစ်မတောင် ဂိုက်လုပ်ပေးစရာမလိုဘူး။တစ်ကိုယ်တော် အနေနဲ့ဆို ခြောက်ခွေမြောက်၊ စုံတွဲ အခွေက စည်သူလွင်နဲ့ အသက်လိုတစ်ခွေရယ် ကိုမျိုးကျော့နဲ့ သတိရရင်ပြီးတာပဲ ရယ် ၂ ခွေပဲ သီးသန့်ထွက်ဖူးတယ်။ Live Show တွေတော့ အများကြီးဆိုထားပါတယ်။အသစ်ထွက်ဖို့လည်းရှိပါသေးတယ် ဟု လျှပ်တပြတ်သတင်းဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: