Friday, August 31, 2007

လက်ကိုင်အိတ်တွေကိုဘယ်သူတွေ စပြီးသုံးခဲ့တာလဲ

၁၄၀၀ခုနှစ်များက ပိုက်ဆံအိတ်များကို အမျိုးသားရော အမျိုးသမီးပါအသုံးပြုကြပြီး ပိုက်ဆံအိတ်များတွင် ရွှေအသုံးပြု၍ တန်ဆာဆင်ခြင်း အနုစိတ်ပန်းထိုးခြင်းတို့ဖြင့် အလှဆင် အသုံးပြုကြသည်။ ရာစုနှစ်တစ်ခုကျော်ဖြစ်ပြီးနောက် ပန်းပွားကြိုးများပါဝင်သော အိတ်ပြားများပေါ်လာပြီး ရာစုနှစ် ကုန်ပိုင်းတွင်လက်ကိုင်အိတ် ဖက်ရှင်ခေတ်စားလာကာ အမျိုးသမီးများသည် စကတ်အောက်တွင် အိတ်ငယ်များထည့်သွင်းချုပ်လုပ်ဝတ်ဆင်ခြင်းကိုပိုမိုနှစ်သက်ကြသည်။၁၆၇၀ခုနှစ်တွင်အိတ်ကပ်များပါသော မြင်းစီးဘောင်းဘီများ ဖက်ရှင်တစ်မျိုးအဖြစ်ပေါ်ထွက်လာခဲ့သည့်အတွက်လက်ကိုင်အိတ်များကို အမျိုးသားများကဘေးချိတ်လာကြသည်။ သို့ရာတွင် ပိုက်ဆံထည့်ရန်အတွက် ပိုက်ကွန်ပိုက်ဆံအိတ်ကိုမှု ဆက်လက် အသုံးပြုခဲ့သည်။ ၁၈ ရာစုသို့ရောက်သောအခါ အမျိုးသား၊ အမျိုးသမီးသုံးအိတ်ငယ်များ ပျောက်ကွယ်သွားခဲ့သည်။ပြင်သစ်တော်လှန်ရေးပြီးနောက်အမျိုးသမီးများစတိုင်ကျလှပရေးကဏ္ဍတွင်လက်ကိုင်အိတ်များကလည်းပါဝင်လာခဲ့သည်။ ၁၈၈၀ ခုနှစ်တွင် အမျိုးသမီးအ၀တ်အစားဖက်ရှင်တိုးတက်လာသည့်နည်းတူလက်ကိုင်အိတ်ကြီးများကို ကြိုးရှည်များတပ်ဆင်အလှဆင်ထားသော ပုံစံမှာခေတ်စားလာခဲ့သည်။ ၂၀ ရာစုရောက်သောအခါ နည်းပညာ ဖွံ့ ဖြိုးတိုးတက်လာပြီး လက်ကိုင်အိတ်များတွင်လည်း သားမွေ၊ရေစိုခံစသဖြင့်ပုံစံဒီဇိုင်အမျိုးအစားမျိုးစုံကိုထုတ်လုပ်လာကြသည် ဟု7Day News ဂျာနယ်တွင်ဖေါ်ပြထားပါသည်။

No comments: