Friday, August 31, 2007

အကယ်ဒမီတွေရစေချင်တဲ့ ပရိတ်သတ်ကိုကျေးဇူးတင်တယ်ဆိုတဲ့ ခိုင်သင်းကြည်
ခိုင်သင်းကြည်ဟာ ယနေ့ထိပ်တန်းမင်းသမီးတစ်လက်ပါ။ ပါရမီကြောင့်ပဲပြောရမလား။ အကယ်ဒမီဆုကိုတော့ယနေ့ထိမရရှိသေးပါဘူး။ သူ့ချစ်ပရိတ်သက်ကလည်း ခိုင်သင်းကြည်တစ်ယောက် အကယ်ဒမီဘယ်တော့ရမလဲလို့ မေးတာခံရသူပါ။ ဒီအတွက်အကယ်ဒမီရစေချင်တဲ့ပရိတ်သက်ကို ကျေှးဇူတင်တယ်ဆိုတဲ့အကြောင်း ခိုင်သင်းကြည်ကပြောရှာပါတယ်။ ခိုင်သင်းကြည်က “မခိုင်ကိုမနှစ်ကထင်ကြေးပေးတဲ့ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍ ”ဇာတ်ကား တကယ်ဆိုဘာမှလုပ်ကွက်မရပါဘူး။ အလှပြရုံသက်သက်လေးပါ။ တကယ်လုပ်ကွက်ရတာကြီးက မခိုင်ကြီးပါ။ ပြီးတော့အရင်တခါတုန်းက သတင်းထွက်သေးတယ်၊ “ယောက္ခမဆိုတာတခါတုန်းက သမက်ပါပဲ” ရမယ်လို့ထင်ကြေးပေးခဲ့ကြတယ်။ အဲဒီကားမှာလည်း ဟာသတွေ ဖန်စီလေးတွေပဲလုပ်ထားတာပါ။ မခိုင်ကိုယ်တိုင်မရနိုင်ဘူးလို့ ထင်ထားတယ်။ ဒါကြောင့်အခုအချိန်ထိတော့ အကယ်ဒမီနဲ့လွဲတယ်ဆိုတာတော့ မရှိသေးပါဘူး” လို့ ပြောသွားပါကြောင်း ဟု ပြည်မြန်မာသတင်းဂျာနယ်တွင်ဖေါ်ပြထားပါသည်။


မိဘမေတ္တာအဓိကပါလို့ပြောတဲ့မေကဗျာ
ဗိုက်ပူမဇာတ်ကားမှာ ကိုယ်ဝန်အစစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မေကဗျာဟာ အခုဆိုရင် ၃နှစ်သမီးလေးရဲ့ မိခင်တစ်ဦးဖြစ်နေပါပြီ။ အခုလောလောဆယ်ဆယ်မှာ လွင်မိုး၊ စိုးမြတ်သူဇာ၊ ဖြိုးငွေစိုးတို့နဲ့ “ကောင်းကင်တစ်ခုအလိုရှိသည်” ဇာတ်ကားရိုက်ထားပြီဖြစ်တယ်။ မိခင်တစ်ဦးဖြစ်လာတဲ့မေကဗျာကို မိဘမေတ္တာအကြောင်းမေးကြည့်တဲ့အခါမှာ “မိဘကအဓိကပါ ကိုယ်တိုင်ကလေးအမေဖြစ်လာတော့ မိဘကိုပိုနားလည်လာတယ်။ သိတက်လာတယ်။ ကိုယ်ချင်းစာတက်လာတယ်။ ကိုယ်မိဘနဲ့ယှဉ်ပြီးကိုယ့်ကလေးကို ပြန်ပြုစုလို့ရတာပေါ့ မိဘနဲ့ပတ်သက်လို့ ပြောမရတာတွေလည်း အများကြီးရှိပါတယ်။ သမီးလေးက အခုဆိုင်ရင် ၃နှစ်တောင်ရှိပြီ။ သူ့ကိုလည်းအနုပညာဝါသနာပါရင် ခွင့်ပြုရမှာပါ” လို့ ဆိုသွားလေရဲ့ ဟု ပြည်မြန်မာသတင်းဂျာနယ်တွင်ဖေါ်ပြထားပါသည်။

မိုးမမြင်လေမမြင် အခွေထွက်တော့မယ့်နန်းစုရတီစိုး
ဂျပန်နိုင်ငံကို အလည်အပတ်ခရီးသွားရာမှ ပြန်ရောက်လာတဲ့ နန်းစုရတီစိုးတစ်ယောက် သူ့ရဲ့မိုးမမြင်လေမမြင် သီချင်းခွေအသစ်ကို ထုတ်နိုင်ဖို့ အပူတပြင်းကြိုးစားနေပါတယ်။အဲဒီအခွေမှာ ဘာဘူ၊ရသစတဲ့ နာမည်ကြီးတေးရေးသမားများအပြင် နန်းစုကိုယ်တိုင်လည်း ရေးထားတဲ့ “ကမ္ဘာခြားဖေဖေ ”ဆိုတဲ့ သီချင်းလည်းပါဝင်ပါတယ်။ ဒီအခွေထွက်မဲ့ရက်ကို မေးကြည့်တော့ နန်းစုက “ဒီသီချင်းတွေကို mixing တွေဆွဲပြီးပါပြီ။ အခုအခွေကြော်ငြာအတွက် ကာဗာရိုက်နေပါပြီ။ ရိုက်ပြီးတာနဲ့ထွက်မှာပါ။ ဒီအခွေကို နန်းစုစိတ်တိုင်းကျလုပ်ထားပါတယ် လို့်ပြောသွားးပါတယ် ဟု ပြည်မြန်မာသတင်းဂျာနယ်တွင်ဖေါ်ပြထားပါသည်။

No comments: