Friday, August 31, 2007

ဂီတသက်တမ်းနှစ်(၃၀)ပြည့် live show လုပ်ဦးမည့် ကိုင်ဇာ
ကစ္ဆပနဒီကဲ့သို့ အတွေးနှင့်စကားလုံးအားကောင်းသည့် သီချင်းမျိုး မိုးရွာရင် မိုးရေချိုးမယ်လို ကလေးကြိုက်
ပေါ့ပေါ့ပါးပါးသီချင်းမျိုးသူငယ်ချင်းရေလက်ဖက်ရည်ဆိုင်ကို သွားကြပါစို့၊အင်းလေးမှာရွာတဲ့မိုးလိုလွမ်းဆွတ်
ကြေကွဲဖွယ် သီချင်းမျိုးတွေကို ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့သီဆို တီးခတ်နိုင်သည့် စွယ်စုံရကိုင်ဇာကို သူ့ညီမလေး
ဆရာမသင်းသင်းသာနှင့်အတူ ဆရာမ မိချမ်းဝေ၏ ကမ်းလှည့် ဆွတ်မီလုံးချင်းဝတ္တုသစ်မိတ်ဆက်ပွဲတွင်အ
မှတ်မထင်ဆုံခွင့်ရသည်။ လွန်ခဲ့သောနှစ်သုံးဆယ်ခန့်က LPJ Show တွေမှာ ပရိသတ်ထိန်းသည့် အနေဖြင့်
နောက်ဆုံးဆိုရသည့် အဆိုတော်စာရင်းမှာကိုင်ဇာပပါသည်။ ဒါကြောင့်နှစ်သုံးဆယ်လည်ပြန်ကြည့်သည့်အ
နေဖြင့် ကိုင်ဇာဘာတွေလုပ်ဖြစ်နေလဲဟု စကားစမိရာသူ၏ဂီတသက်တမ်းနှစ်သုံးဆယ်မြောက် အမှတ်တရ
တစ်ကိုယ်တော်Live Showကြီးကို ၂၀၀၇ နိုဝင်ဘာလ ထဲတွင် ကျင်းပသွားဖို့ရှိကြောင်းသိရသည်။ သည့်အ
တွက်နေရာကိုတော့ စဉ်းစားဆဲဖြစ်ပြီး Show လုပ်သည့်အခါသူ၏ သီချင်းများကိုကိုယ်တိုင်သီဆိုဖျော်ဖြေမှု
ကိုအဓိကထားတင်ဆက်မှာဖြစ်ကြောင်းသိရသည်။အဆိုပါ Showကိုသီချင်းများ၏ရာဇ၀င်မှတ်တမ်းသဖွယ်
တင်ဆက်သွားရန်ပြင်ဆင်ထားကြောင်းသိရသည်။ယင်းသို့တင်ဆက်မည့်Live Showတွင်သူ၏ခင်မင်သော
သူငယ်ချင်းများက စီးပွားရေးအကျိုးအမြတ်ပဓာန မထားဘဲ ကူညီကြမှာဖြစ်ပြီး ဒီ Show ၏အသေးစိတ်ကို
မကြာမီ စာနယ်ဇင်း မိတ်ဆက်ပွဲတစ်ပွဲပြုလုပ်၍ ရှင်းလင်းသွား မည်ဖြစ်သည်ဟု အချစ်ဂျာနယ်တွင် ဖော်ပြ
ထားသည်။

1 comment:

Unknown said...

It is really a very informative and interesting article on the topic. You can also try to hire the best dissertation writing services UK to secure better grades for you.
dissertation writing service uk