Friday, August 31, 2007

ချစ်သုဝေ

ဘ၀အတွက်မှတ်တိုင် ဖြစ်ဖို့ တစ်ကိုယ်တော် ခွေ လုပ်နေတဲ့ ချစ်သုဝေ
အစ်မဖြစ်သူ ချစ်ဆုဝေ နဲ့ အတွဲခွေတစ်ခွေ ထွက်ဖို့ လုပ်နေတဲ့ ချစ်သုဝေက တစ်ကိုယ်တော် စီးရီးအတွက်လည်းစီစဉ်နေပါပြီ။ ညီအစ်မနှစ်ယောက် အတွဲခွေမှာ စိတ်ကြိုက် သီချင်းများ ကိုရွေးချယ်ထားပြီးဘ၀မှာ မှတ်တိုင်လေးဖြစ်အောင်လုပ်ချင်တဲ့အတွက် တစ်ကိုယ်တော် အခွေကို စီစဉ်နေခြင်းဖြစ်ကြောင်း ချစ်သုဝေက ဆိုပါတယ်။ “ပရိုဂျူဆာလည်းရှိတယ်လေ။ တကယ်လို့ပရိုဂျူဆာမရှိတော့ရင်လည်း အရင်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သမီးကတော့ ဆက်လုပ်ဖြစ်မှာပဲ။ မြတ်တာက တော့ထည့်မပြောတော့ပါဘူး၊ ဒါပေမဲ့ သီချင်းသုံးပုဒ်ပဲ ရသေးတယ်။ သမီး ရေးထားတာ တစ်ပုဒ်ရှိတယ်” လို့တစ်ကိုယ်တော်စီးရီးအတွက်ပြင်ဆင်မှုအကြောင်းချစ်သုဝေ ကပြောပြပါတယ်။ တစ်ကိုယ်တော် အခွေမှာ ဆိုနေကျ သီချင်းပုံစံများထည့်မှာ ဖြစ်သလိုရှိုးဆိုလို့ကောင်းမယ့် သီချင်းများ ကိုချစ်သုဝေက ရွေးချယ်မှာဖြစ်ကြောင်းသိရပါတယ်။ Slow Rock သီချင်းပုံစံလေးတွေကို အရမ်းကြိုက်နေတဲ့ ချစ်သုဝေ ကတစ်ကိုယ်တော်စီးရီးအတွက်တေးရေးရွေးချယ်ပုံနဲ့ပတ်သက်ပြီး “တေးရေးတွေက ကိုယ့်ထက် ကျွမ်းကျင်ကြတယ်။ သမီးရဲ့ဆိုဟန်ကို သိအောင်လုပ်ပြီးသားတွေဆိုတော့ သမီးအသံဘယ်လိုသီချင်းနဲ့လိုက်မယ်ဆိုတာသိကြတယ်။ ကိုယ်တိုင်က ရွေးစရာမလိုဘူး၊ တေးရေးတွေက သမီးတို့ထက် တော်တယ်။ ပိုင်ပြီးသား၊ တစ်ကိုယ်တော်အတွက်တော့ပရိုဂျူဆာစိတ်ကြိုက်ဖြစ်မယ့် သီချင်းတွေလည်း ပါတယ်။ သမီးက ဟိုလူမှ ဒီလူမှ မဟုတ်ဘူး။ တေးရေးတွေအားလုံး ကိုကြိုက်တယ်” လို့ဆိုပါတယ်။ ကော်ပီ၊ ကိုယ်ပိုင်သံစဉ်သီချင်းမျှအောင် ထည့်မယ်တစ်ကိုယ်တော် စီးရီးအတွက်ပြင်ဆင်နေတဲ့ ချစ်သုဝေ က လောလောဆယ် အနုပညာလှုပ်ရှားမှုအဖြစ် သီချင်းများဆိုဖို့ပဲရှိကြောင်းသိရပါတယ်ဟု အလင်းတန်းဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: