Friday, August 31, 2007

ဆေးပညာရဲ့ဖခင်ကြီးဆိုတာ ဘယ်သူလဲ

ရှေ့တုန်းက လူတွေဟာရောဂါကုသခံဖို့်အတွက် မှော်ဆရာတွေ စုန်းကဝေတွေကို အားထားခဲ့ရတယ်။မှော်ဆရာတွေ ဘာသာရေးဆရာတွေမပါတဲ့ သမားတော်အဖွဲ့တစ်ဖွဲ့ဟာ ဂရိနိုင်ငံမှာရှိတယ်။ သူတို့ကသိပံ္ပနည်းကျဆေးပညာကိုလေ့လာခဲ့ကြတယ်။သူတို့အုပ်စုထဲမှာအကျော်ကြားဆုံးသမားတော်ကြီးကတော့ဟစ်ပိုးခရေးတီးဆိုသူဖြစ်ပါတယ်။ သူုဟာဆေးပညာရဲ့ဖခင်ကြီးဖြစ်ပါတယ်။ ဆေးပညာရပ်ကိုလေ့လာချဥင်္်းကပ်ပုံက အလွန်စနစ်ကျတယ်။ သူနဲ့သူတစ်ပည့်တွေဟာ လူနာတွေကို ခရေစေ့တွင်းကျ ဂရုတစိုက်လေ့လာကြပါတယ်။ သူတို့ရဲ့ လေ့လာစူးစမ်းမေးမြန်းချက်များဟာ ယနေ့ခေတ်မှာတောင်ခေတ်မှီနေတယ်လို့နားလည်လက်ခံထားရပါတယ်။ သူ့စမ်းသပ်နည်းတစ်ချို့ကတော့ လူနာတွေထဲက တချို့ဟာအကြောင်းမရှိဘဲ မောပန်းနွမ်းနယ်နေရင် ရောဂါပိုးဝင်နေပြီ။ အကြောင်းမရှိဘဲနာကျင်ကိုက်ခဲနေရင် ဆေးဝါးချို့တဲ့လို့ဖြစ်တယ်။အိပ်စက်ခြင်းဟာကောင်းမွန်တဲ့ အပန်းဖြေနည်းဖြစ်တယ်ဆိုတာတွေပါပဲ။

No comments: