Friday, August 31, 2007

ဗီဒီယိုကားတွေ နယ်မှာရုံတင်ပြသတာရှိကြောင်း ကြားသိရပေမယ့် ဈေးကွက်တော့မလေ့လာဖြစ်ဘူး ဒါပေမယ့် အဲဒီအနေအထားက သူတို့အတွက် ပရိသတ်ပိုရရှိကြောင်း ပြောကြားလာတဲ့ ခွန်းဆင့်နေခြည်
ဒီရက်ပိုင်းမှာလည်း ဒါရိုက်တာဥက္ကာဗိုနဲ့ ဇာတ်ကားရိုက်ကူးရေးရှိပါတယ်ဆိုတဲ့ ခွန်းဆင့်နေခြည်က အခုရိုက်တဲ့ဇာတ်ကားမှာ နေထက်လင်းနဲ့တင့်တင့်ထွန်းတို့လည်းပါတယ်။ အက်ရှင်ကားတော့မဟုတ်ပါဘူးလို့လဲ ဆိုပါတယ်။ သူရဲ့ကျောက်ဆူးထုတ်လုပ်ရေးအတွက် မရိုက်ခင်လပ်ကီးဆဲဗင်းအတွက် ရိုက်တဲ့ဇာတ်ကားများနေသူ ခွန်းဆင့်နေခြည်ကိုတော့ ဗီဒီယိုဈေးကွက်အကြောင်း ဦးစားပေးမေးတော့မယ်စိတ်ကူးကာ .. မေး- တစ်ချို့ဗီဒီယိုကားတွေက နယ်မှာအဆင့်မြင့်သဘောမျိုး ရုံတင်ပြသနေကြတယ်လို့ကြားတယ်။ နေခြည်ကားတွေကရော အဲဒါမျိုးပြသတာရှိလား။ ပြခဲ့ရင်ပရိတ်သတ်တုံ့ပြန်မှုက ဘာလဲ ဖြေ- မင်းသားမင်းသမီးကောင်းကောင်းတွေနဲ့ တွဲထားတဲ့ကားတွေဆိုရင် နယ်မှာရုံတင်ပြသတာမျိုးရှိတယ်။ အဲဒီလိုရုံတင်ပြသတဲ့အတွက် ဈေးကွက်အခြေအနေဘယ်လိုရှိတယ်ဆိုတာ တော့ မလေ့လာဖြစ်ဘူး။ နယ်မှာရုံတင်ပြသနေတယ်သိတော့ သိတယ်။ ဒါပေမယ့်နေခြည်တို့အတွက်တော့ ပရိတ်သတ်ပိုရတယ်။ မေး- ကျောက်ဆူးက ထုတ်လုပ်တဲ့ ဇာတ်ကားတွေရော အဲဒီလိုရုံတင်ပြသဖူးလား။ ဖြေ- ကျောက်ဆူးက ထုတ်လုပ်ရေးအနေနဲ့ပဲလုပ်တာပါ။ ဖြန့်ချိရေးကိုသိပ်နားမလည်းဘူး ဒါကြောင့်နေခြည်တို့ရိုက်ပြီးရင် လပ်ကီးဆဲဗင်းကိုပဲရောင်းလိုက်တယ်။ မေး- အဆင့်မြင့်တို့ ရုပ်ရုင်ကားကြီးတွေနဲ့ နေခြည်ကံမစပ်သေးတာ ဘာကြောင့်များလဲ ဖြေ- ဒါကတော့လာငှားတဲ့သူမရှိသေးလို့ပေါ့။ မေး- လာငှားတဲ့သူရှိအောင် ခွန်းဆင့်နေခြည်ကို ခေါ်ရိုက်ပါဦးလို့မတောင်းဆိုဘူးလား ဖြေ- အဲဒါမျိုးမရှိပါဘူး။ သူတို့အဆင်သင့်လို့ ရိုက်ချင်တယ်ဆိုရင်တော့ ရိုက်လိုက်တယ်။ ကိုယ့်ကိုခေါ်ရိုက်ပါလို့ အကြံဥာဏ်ပေးရမယ့် အနေအထားလည်း မဟုတ်ပါဘူး။ မေး- ဒါကမာနထားတာလား ဖြေ- မာနထားတာမဟုတ်ဘူးလေ။ ဇာတ်ကောင်ရွေးချယ်တာ ထုတ်လုပ်သူဒါရိုက်တာတွေရဲ့အပိုင်းပဲ။ အဆင့်မြင့်နဲ့ ရုပ်ရှင်ကားကြီးရိုက်ဖို့ ကံမစပ်သေဖူးဆိုတာတော့ ကံနဲ့ စန်းနဲ့ အများကြီးဆိုင်မှာပေါ့နော်။ မေး- အဆင့်မြင့်ကားတွေက ငွေပိုရှာရလွယ်တယ်လို့ ပြောကြတယ်။ ကျောက်ဆူးက ဘာလို့ငွေရှာလွယ်တဲ့ အဆင့်မြင့်ကားမရိုက်တာလဲ ဖြေ- အဲဒါထင်ကြလို့ပါ။ အဆင့်မြင့်က ငွေပိုရှာရလွယ်တယ်ဆိုပေမယ့် လတ်တလောအနေအထားဈေးကွက်အရ အဆင့်မြင့်ကို လူတွေသိပ်မရိုက်ကြတော့ပါဘူး။ အခုဗီဒီယိုရိုက်တယ်။ အဆင့်မြင့်ကထင်သလောက်ဖြစ်မလာတာတွေ အများကြီးပဲလေ။ ကိုယ့်ရှေ့မှာတွေ့နေရတာပဲ။ နေခြည်ကတော့မစွန့်စားရဲသေးဘူး။ ကိုယ့်ရဲ့ကျောက်ဆူးက ကုမ္ပဏီအကြီးကြီးတွေနဲ့ သိပ်မယှဉ်ရဲသေးပါဘူးဟု အချစ်ဂျာနယ်တွင်ဖေါ်ပြထားပါသည်။

No comments: