Sunday, September 16, 2007

ဂျပန်ဘာသာနှင့်တွဲသင်ကြားမည့် ဆော့ဖ်ဝဲအင်ဂျင်နီယာသင်တန်း ဖွင့်လှစ်

ဂျပန်နိုင်ငံတွင် ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် အသက်မွေးလိုသူများအတွက်ဂျပန်ဘာသာစကားနှင့် တွဲဖက်သင်ကြားပို့
ချသောဆော့ဖ်ဝဲအင်ဂျင်နီယာသင်တန်းကိုမန္တလေးမြို့ရတနာပုံဆိုက်ဘာတက်တွင်ဖွင့်လှစ်ထားသည့်အဇူရီကွန်ပျူတာ
သင်တန်း၌ တက်ရောက်နိုင်ကြောင်း သိရသည်။သင်တန်းအဆင့်ဆင့်အောင်မြင်ပြီးပါက အရည်အချင်းပြည့်မီသူများကို
ဂျပန်နိုင်ငံရှိ ဆော့ဖ်ဝဲကုမ္ပဏီများတွင် အလုပ်သင်အဖြစ် သွားရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဟု အဇူရီကွန်ပျူတာသင်တန်းမှ မန်နေဂျာ ဦးစိုင်းရန်နိုင်ကပြောကြားသည်။



Card Reader

MSI အမျိုးအစား Card Reader ဖြစ်ပါတယ်။ Star Reader လို့ အမည်ရပြီး သူ့ရဲ့အားသာချက်က SIM ကတ် အပါအ၀င်
SD Mini SD, Micro SD, MMC, RSMMC, MMC Mobile, MMC Micro CF,MD, MS DUO စတဲ့ အမျိုးအစားပေါင်း ၅၂မျိုးကို
ဖတ်နိုင်ပါတယ်။ USB 2.0 နဲ့ အဆင်ပြေပြီး USB storage ကို supportလုပ်နိုင်ပါတယ်။ စက်ကို ကိုင်တွယ်ရတာအဆင်ပြေ
ပြီး Installation လုပ်ရတာလွယ်ကူပါတယ်။ တန်ဖိုးက ကျပ် ၂၃၀၀၀ ကျော်ဖြစ်ပါတယ်။
EMTEC အမှတ်တံဆိပ်ကွန်ပျူတာဆက် စပ်ပစ္စည်းများဈေးကွက်အတွင်းဝင်ရောက်

မြန်မာနိုင်ငံ၏ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းဈေးကွက်အတွင်းသို့ EMTECအမှတ်တံဆိပ်ကုန်ပစ္စည်းသစ်များ
စတင်ဝင်ရောက်လာကြောင်း ယင်းပစ္စည်းများကို တင်သွင်းသည့် Multi World Trade Co.,Ltd ၏ တရားဝင်
ထုတ်ပြန်ချက်အရသိရသည်။အဆိုပါကုန်ပစ္စည်းများမှာ DVD-R/+R ၂၅ ချပ်ပါဝင်သော Cake Box များ၊ SD
Card များနှင့် USB Flash Drive များဖြစ်ပြီး ခြောက်လအာမခံပေးထားကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်
ပြပါရှိသည်။ ဥရောပ နည်းပညာဖြင့် ထုတ်လုပ်ထားသည်ဟုဆိုသော EMTEC ကုန်ပစ္စည်းများကို တင်သွင်း
လျှက်ရှိသည့် Multi World Trade Co.,Ltdသည်အလားတူMASTERအမှတ်တံဆိပ်အီလက်လရွန်နစ်ပစ္စည်း
များကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ MAXELL အမှတ်တံဆိပ် Audio ပစ္စည်းများကို အ
ရောင်းကိုယ် စားလှယ် အဖြစ်လည်းကောင်း တင်သွင်းဖြန့်ချိလျက်ရှိသည်။

မိုက်ခရိုဝေ့ဗ်မီးဖို(Microwave Oven) တွေရဲ့လုပ်ကိုင် ဆောင်ရွက်ပုံကဘယ်လိုလဲ?
မိုင်ခရိုဝေ့ဗ်မီးဖိုတွေဟာဓာတ်ငွေ့ပေါင်းအိုး၊လျှပ်စစ်ပေါင်းအိုးတွေနဲ့မတူပါဘူး။မီးတောက်လည်းတောက်မနေ
တတ်ဘူး။ အောက်ခံပြားတွေလည်းနီရဲမနေတတ်ဘူး။ ချက်ပြုတ်ချင်တာကိုသတ္တုဘူးထဲထည့်ပေး၊ ပြီးခလုတ်
နှိပ်ရတယ်။ သတ္တုဘူးထဲကမမြင်ရတဲ့ စွမ်းအင်ရောင်ခြည်တွေထွက်လာတဲ့အခါ အစားအစာတွေကို အမြန်ဆုံး
ချက်ပြုတ်ပေးလိုက်သလိုဖြစ်သွားတယ်။မိုင်ခရိုဝေ့ဗ်မီးဖိုလို့ခေါ်တာကတော့မိုင်ခရိုဝေဗ်လို့ခေါ်တဲ့အစားအစာ
ကိုကျက်စေတဲ့ ရောင်ခြည်တွေကိုအစွဲပြုခေါ်တာပါပဲ။ မိုင်ခရိုဝေ့ဗ်တွေက ရေဒီယိုလှိုင်းတွေနဲ့တူပါတယ်။ နေ
ရောင်ခြည်တွေကပူပြင်းစေ သလိုမျိုးပဲအဲဒီရောင်ခြည်တွေကအစားအစာတွေကိုအပူဓာတ်ပေးပါတယ်။
ဓာတ်ပြားတွေ(Records)ကို ဘယ်လိုလုပ်ထားတာလဲ။

အများဆုံး အသံသွင်းယူတာတွေကတော့ တိတ်ခွေနဲ့ကူးယူထားကြပါတယ်။ အဲဒီ တိတ်ခွေက မူရင်း
ခွေ သို့မဟုတ် မာစတာခွေဖြစ်လာပါတယ်။ မာစတာခွေ (မာစတာဓာတ်ပြား)မှ ဖန်တီးလိုက်တဲ့ Stampers
လို့ခေါ်တဲ့ ပုံဆောင်မိုတွေ ရှိပါတယ်။ Stampers မိုထဲကို ပလတ်စတစ်ပြားထည့်ပြီး နှိပ်လိုက်ရင်ဓာတ်ပြား
ရပါတယ်။ မာစတာခွေမှာ အသံလမ်းကြောင်း နှစ်ခုရှိတယ်။ အသံထိန်း စက်က လမ်းကြောင်းအသီးသီး မှ
လာတဲ့သင်္ကေတ တွေကို ဓာတ်ပြားထဲအသံသွင်းပေးမယ့်ခေါင်းဆီကိုပို့ပေးပါတယ်။အဲဒီခေါင်းကဓာတ်ပြား
မြောင်းနံရံ တွေပေါ်သင်္ကေတ နှစ်ခု ပုံသဏ္ဌာန်ဖွဲ့စည်းပြီးမာစတာခွေမှကူးယူလိုက်ပါတယ်။မာစတာဓာတ်
ပြားကို လျှပ်စစ်ဓာတ်စီး ၀င်စေတဲ့နည်း သတ္တု အလွှာတွေကို ခွာချတဲ့နည်းနဲ့ Stamper ကိုဖန်တီးထားပါ
တယ်။

နျူကလီးယားစွမ်းအင်ဟာ ဘာကြောင့် စွမ်းအားပြင်းတာလဲ။

နျူကလီးယားစွမ်းအင်ကို အဏုမြူရဲ့ ၀တ်ဆံတွေထဲရှိတဲ့အစိတ်အပိုင်း ကလေးတွေက ထုတ်ပေးပါ
တယ်။ ဒီအစိတ်အပိုင်းကလေးတွေကို အလွန်ကြီးမားတဲ့အင်အားစုကစုစည်းဖြစ်ပေါ်စေပါတယ်။အက်တမ်
ရဲ့ ၀တ်ဆံ တွေကို ခွဲလိုက်ရင် အဲဒီအင်အားတွေထွက်လာပြီးပြင်းထန်လှတဲ့စွမ်းအင်ပေါ်လာပါတယ်။ဓာတ်
ပေါင်းဖိုတစ်ခုထဲမှာ အသုံးဝင်မယ့် စွမ်းအင်ရဖို့ နျူကလီးယားတုံ့ပြန်ချက်ကိုထိန်းချုပ်ပေးရတယ်။နျူကလီး
ယား လောင်စာကတော့ ယူရေနီယံ ၂၃၅ လို့ခေါ်တဲ့ရှားပါးယူရေနီယံ သတ္တုတစ်မျိုးဖြစ်ပါတယ်။ယူရေနီယံ
၂၃၅ အက်တမ်ရဲ့ဝတ်ဆံကိုနျူထရွန်တစ်ခုနဲ့တိုက်လိုက်ရင်ဝတ်ဆံငယ်နှစ်ပိုင်းကွဲသွားတတ်တယ်။ နောက်
ထပ် နျူထရွန် တွေ လည်း ပိုထွက်လာတတ်ပါတယ်။

မိုးကြိုးလွှဲ (Lightning Conductor) ကမိုးကြိုးကို မြေကြီး ထဲဘယ်လိုပို့တာလဲ။
လျှပ်စီးဝင်းခနဲ ပြက်လိုက်တဲ့အချိန်မှာတိမ်တိုက်တွေနဲ့ မြေပြင်ကြားကို အလွန့်အလွန်ပြင်းထန်
တဲ့ လျှပ်စစ်မီး
တောက်ကဖြတ်သန်းစီးကူးသွားပါတယ်။မိုးကြိုးလွှဲဆိုတာရှည်သွယ်သွယ်သတ္တုကြိုးပြား
လေးဖြစ်ပါတယ်။ အဲဒီကြိုးကို အဆောက်အဦး ခေါင်မိုးပေါ်ကနေအဆောက်အဦးအောက်ခြေအုတ်မြစ်
အထိ ဆက်သွယ်ပေးထားပါတယ်။လျှပ်စီးပြက်ပြီး တိမ်တိုက်ထဲက စီးဆင်းလာတဲ့လျှပ်စစ်ဓာတ်တွေကို
လူတွေဘေးကင်းအောင်မြေကြီးထဲကို ပို့ပေးလိုက်တာဖြစ်ပါတယ်။မြင့်တဲ့အဆောက်အဦးတွေကိုမိုးကြိုး
ပစ်လေ့ရှိတယ်။ဒါကြောင့်အဲဒီလိုအဆောက်အဦးတွေမှာ မိုးကြိုးလွှဲတွေတပ်ဆင်ပေးရတယ်။အဆောက်
အဦးပေါ်ကမိုးကြိုးလွှဲထိပ်မှာ လျှပ်စစ်အားအများဆုံးဖွဲ့စည်းဖြစ်ပေါ်တတ်တယ်။မိုးကြိုးလွှဲကတိမ်တိုက်
တွေထဲမှလာတဲ့လျှပ်စစ်ဓာတ်တွေကို မြေထဲကိုပို့ပေးလိုက်တယ်။အဲဒါကြောင့်အဆောက်အဦးတွေဘာ
မှ ပျက်စီးထိခိုက်မှု မရှိတာဖြစ်ပါတယ်။
မိုးကြိုးလွှဲ (Lightning Conductor) ကမိုးကြိုးကို မြေကြီး ထဲဘယ်လိုပို့တာလဲ။
လျှပ်စီးဝင်းခနဲ ပြက်လိုက်တဲ့အချိန်မှာတိမ်တိုက်တွေနဲ့ မြေပြင်ကြားကို အလွန့်အလွန်ပြင်းထန်
တဲ့ လျှပ်စစ်မီး
တောက်ကဖြတ်သန်းစီးကူးသွားပါတယ်။မိုးကြိုးလွှဲဆိုတာရှည်သွယ်သွယ်သတ္တုကြိုးပြား
လေးဖြစ်ပါတယ်။ အဲဒီကြိုးကို အဆောက်အဦး ခေါင်မိုးပေါ်ကနေအဆောက်အဦးအောက်ခြေအုတ်မြစ်
အထိ ဆက်သွယ်ပေးထားပါတယ်။လျှပ်စီးပြက်ပြီး တိမ်တိုက်ထဲက စီးဆင်းလာတဲ့လျှပ်စစ်ဓာတ်တွေကို
လူတွေဘေးကင်းအောင်မြေကြီးထဲကို ပို့ပေးလိုက်တာဖြစ်ပါတယ်။မြင့်တဲ့အဆောက်အဦးတွေကိုမိုးကြိုး
ပစ်လေ့ရှိတယ်။ဒါကြောင့်အဲဒီလိုအဆောက်အဦးတွေမှာ မိုးကြိုးလွှဲတွေတပ်ဆင်ပေးရတယ်။အဆောက်
အဦးပေါ်ကမိုးကြိုးလွှဲထိပ်မှာ လျှပ်စစ်အားအများဆုံးဖွဲ့စည်းဖြစ်ပေါ်တတ်တယ်။မိုးကြိုးလွှဲကတိမ်တိုက်
တွေထဲမှလာတဲ့လျှပ်စစ်ဓာတ်တွေကို မြေထဲကိုပို့ပေးလိုက်တယ်။အဲဒါကြောင့်အဆောက်အဦးတွေဘာ
မှ ပျက်စီးထိခိုက်မှု မရှိတာဖြစ်ပါတယ်။
ရဟတ်ယာဉ်တွေဘာကြောင့်လေထဲမှာမရွေ့မလျား ရပ်နေနိုင်တာဘာကြောင့်လဲ
ရဟတ်ယာဉ်များတွင် ဒလက်များပါရှိပြီး ယင်းတို့ဖြင့်ရွေ့လျားပျံသန်းမှု ပြုလုပ်သည်။ လည်ပတ်
နေသော ဒလက်၏အပေါ်မျက်နှာပြင်နှင့် အောင်မျက်နှာပြင်တို့သည် လေထုကိုဖြတ်သန်းသွားပြီး ၎င်း
ကဖိအားနည်းရပ်ဝန်း
တစ်ခုဖြစ်စေကာ အပေါ်သို့ပြန်တက်သည်။ ထို့ကြောင့်ရဟတ်ယာဉ်များသည်မိုး
ပေါ်သို့ပြန်တက်ရန်အတွက်လေယာဉ်ပျံများကဲ့သို့ပြေးလမ်းတွင်အရှိန်ယုပြန်တက်ရန်မလိုပေ။ပျံတက်
မှုကိုဒလက်များ၏ လည်ပတ်မှုဖြင့်ထိန်းချုပ်သည်။ဒလက်လည်ပတ်မှုအရှိန်များပါကပျံတက်ရှိန်လည်း
တိုးလာပြီး ရဟတ်ယာဉ်ပျံတက်ကာဒလက်လည်ပတ်မှု အရှိန်လျော့ပါကပျံတက်ရှိန်လျော့ကာရဟတ်
ယာဉ်ဆင်းသက်နိုင်ပြီဖြစ်သည်။ kရဟတ်ယာဉ်များလေထဲတွင်မရွေ့မလျားနေနိုင်ခြင်းကလေယာဉ်မှူး
က ကမ္ဘာမြေကြီးဆွဲအားကို ခံနိုင်ရည်ရှိသောအနေအထားရောက်အောင်ဒလက်၏အရှိန်ကိုထိန်းထား
ခြင်းကြောင့်ဖြစ်သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
အင်္ဂလန်ပရိသတ်များ၏မုန်းတီးမှုကြောင့် ပို၍တိုးတက်လာခဲ့သူ စီရိုနယ်ဒို



ပြီးခဲ့သည့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်က အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်နေးအားအနီကဒ်ဖြင့် ပြိုင်ပွဲမှထွက်ခွာစေ
ခဲ့သူ ပေါ်တူဂီလက်ရွေးစင် စီရိုနယ်ဒိုမှာ မန်ယူအသင်းသို့ပြန်ရောက်ချိန်တွင် အင်္ဂလန် ပရိသတ်များစွာ၏မုန်းတီးမှုကိုခံခဲ့
ရလေသည်။ သို့ရာတွင် ယင်းအချက်ကပင် သူ့အားအောင်မြင်မှုများရရှိရန်၊ ခြေစွမ်းများထက်မြက်လာစေရန်စွမ်းဆောင်
ပေးနိုင်ခဲ့သည်ဟုစီရိုနယ်ဒိုကပြောဆိုခဲ့သည်။အင်္ဂလန်ကိုပြန်ရောက်ချိန်မှာကျွန်တော်ဝေဖန်မှုတွေအများကြီးခံခဲ့ရတယ်။
အဲ့ဒါ တကယ့်ကိုစိတ်ပျက်စရာပါပဲ။ ဒါပေမယ့်အဲဒီအချက်ကပဲကျွန်တော့်ကိုတခြားကောင်းတာတွေဖြစ်လာစေခဲ့ပါတယ်။
ကျွန်တော့်ကိုပိုပြီးရင့်ကျက်အောင်၊ပိုပြီးအစွမ်းပြနိုင်အောင်ပြုလုပ်နိုင်ခဲ့တယ်လို့ထင်တယ်။ ရွန်နေးဆိုတာကလည်း ကျွန်
တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကောင်း တစ်ယောက်ပါ။ သူနဲ့အတူ တွဲကစားရတာကျွန်တော့်အတွက်တော့ဂုဏ်ယူစရာ
ပါပဲ။ အင်္ဂလန်မှာ ပရိသတ်တွေဟာကစားသမားတွေအတွက်အကောင်းဆုံးအင်အားတစ်ရပ်ပါပဲဗျာဟုစီရိုနယ်ဒိုကဆက်
လက်ပြောဆိုခဲ့သည်။ ရိုနယ်ဒို၏ ၃ ပွဲပယ်ပြစ်ဒဏ်မှာစေ့သွားပြီဖြစ်သဖြင့် ယနေ့ညနေ၌ အဲဗာတန်နှင့်ကစားမည့်ပွဲတွင်
ပြန်လည်တွေ့မြင်ရတော့မည်ဖြစ်သည်။

၁၅.၉.၂၀၀၇