Friday, August 31, 2007

အနာဂတ်နည်းပညာထိုးဖောက်မှုသည် အာရှတွင်ဖြစ်ရန်ရှိဟုဘီလ်ဂိတ်ဟော ကိန်းထုတ်
တရုတ်နိုင်ငံသို့ဆယ်ကြိမ်မြောက်ရောက်လာပြီးသိက္ခာကြီးလှသောပေကျင်းတက္ကသိုလ်၌မိန့်ခွန်းချီးမြှင့်သည့်မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ဥက္ကဌမစ္စတာဘီလ်ဂိတ်က နောက်တစ်ကြိမ်လာအံ့သော နည်းပညာထိုးဖောက်အောင်မြင်မှုသည်အာရှ မှဖြစ်လိမ့်မည်ဟုဟောကိန်းထုတ်လိုက်ကြောင်းသတင်းရရှိသည်။ မစ္စတာဘီလ်ဂိတ်သည် ဟိုက်နန်ပြည်နယ်ဘိုအောက်မြို့၌ကျင်းပသော “ဘိုအောက်အာရှရင်ပြင်” သို့စနေနေ့ကတက်ရောက်လာခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲရင်ပြင်၌နိုင်ငံအသီးသီးမှသြဇာကြီး နိုင်ငံရေးဂုရုများ၊ စီးပွားရေးပါရဂူများနှင့်ပညာရှင်များစုစုပေါင်း ၁၄၀၀ မျှတက်ရောက်ခဲ့ကြသည်။ သူကြွယ်ကြီးဘီလ်ဂိတ်ကသောမာ့စ်ဖရီဒမင်၏စာအုပ်(ကမ္ဘာကြီးသည် ပြား၏)ဟူသောစာအုပ်သည်အမေရိကန်တွင်သာမကတရုတ်နိုင်ငံ၌ပါအရာင်းရဆုံးစာရင်းဝင်ခဲ့ခြင်းကိုသူအံသြမိကြောင်း၊ ဖရိဒမင်ကပြသောအံ့ဖွယ်အချက်နှစ်ချက်ဖြစ်သည့်အာရှစီးပွားရေးဖွံဖြိုးမှုနှင့်နည်းပညာခုန်ပေါက်ဖွံဖြိုးမှုကိုအာရှသားများ လည်းကျေကျေညက်ညက်နားလည်ကြသည်ဟုပြောကြားသွားသည်။ယခင်ကအောင် မြင်မှုရစေသောအခွင့်အလမ်းသည်မေးနိုင်စွမ်းရှိသောနိုင်ငံမျိုးအပေါ်၌များသောအားဖြင့်မူတည်ခဲ့သော်လည်းယခုအခါတွင်မှုပညာရည်အဆင့်ပေါ်၌ပို၍မူတည်လာပြီဖြစ်ရာအာရှသည်လည်းနည်းပညာများထွန်းပါက်ရာနယ်မြေအဆင့်သို့ရောက်နေပြီ ဟုအလေးအနက်ပြောကြားသွားသည်။

Flower New Journal

No comments: