Friday, August 31, 2007

နန္ဒပြောတဲ့ သူပြောချင်တာတွေ
ဗျိုက်မကွယ်လွန်ခင်က ညီအစ်ကို နှစ်ယောက်ပေါင်းပြီး ရှိုးပွဲ ကန်ထရိုက်လုပ်ခဲ့တာမို့ ဗျိုက်မရှိတော့သော်လည်း ယခုနှစ်မှာတော့ ကံကြီးအောင်ကုမ္ပဏီနဲ့ ပူးပေါင်းပြိးရှိုးပွဲတွေလုပ်မှာဖြစ်ပါတယ်။ IC နဲ့ကတော့ တစ်နှစ်တစ်ပွဲ မပါမဖြစ်ပေါ့။ ကျန်တဲ့အဖွဲ့ တွေနဲ့လည်း လုပ်မှာဖြစ်ပါတယ်။ နန္ဒက ပရက်စင်တာသက်တမ်းကြာသော်လည်း အတူပါဝင်ရတဲ့ မင်းသမီးတွေကတော့ပြောင်းပြောင်းသွားပါတယ်။ “ပျော်ရွှင်စရာသရုပ်ဆောင်ကမ္ဘာ“ အစီအစဉ်ကိုလည်း သဇင်နဲ့ ရိုက်နေရာက သဇင် နယ်ရိုက်ကွင်းသွားတာကြောင့် ၀ိုင်းစုခိုင်သိန်းနဲ့ စီစဉ်လိုက်ရတာလည်းရှိပါတယ်။ ဗျိုက်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်မှာ ထွက်မယ်လို့ စီစဉ်ထားတဲ့ ဗျိုက်ရဲ့ စီးရီးကလည်း ၁ နှစ်ပြည့်မှာ မထွက်နိုင်သေးပါဘူး။ သြဂုတ်၁ ရက်နေ့မှာ Mixing ဆွဲမှာဖြစ်ပြီး IC မှ ကိုချစ်စမ်းမောင်က ကူညီတာဖြစ်ပါတယ်။ ဗျိုက်အမှတ်တရ အဖြစ်ထုတ်မယ့် စီးရီးဖြစ်တာမို့ မလောစေလိုတဲ့အကြောင်း လေးဖြူကလည်း သတိပေးစကားကို စေတနာနဲ့ ပြောတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗျိုက် ကွယ်လွန်ခြင်း နှစ်ပြည့် အမှတ်တရအဖြစ်ထွက်မှာ မဟုတ်ဘဲ အစစ အဆင်သင့်ဖြစ်ချိန်မှာ ထွက်လာမှာဖြစ်ပါတယ်။ နန္ဒရဲ့ ညီမ သဉ္ဇာနွယ်မင်းသည်လည်း သရုပ်ဆောင်လုပ်နေပြီဖြစ်ပါတယ် လို့ နံနက်ခင်းသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: