Friday, August 31, 2007

မြန်မာနှင့်ကိုရီးယား သရုပ်ဆောင်များ၏ “အိပ်မက်ဆိုးမှ မနိုးခင်” ဇာတ်လမ်း


ရွှေနေခြည်ကုမ္ပဏီ၊Studio 35 မှစီစဉ်ထုတ်လုပ်၍၀ထ္တု၊ဇာတ်ညွှန်းနှင့်ဒါရိုက်တာတင်သန်းဦးရိုက်ကူးတင်ဆက်သည့်“အိပ်မက်ဆိုးမှမနိုးခင်”ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို ဧပြီ (၁၃)ရက်နေ့မှစတင်ရိုက်ကူးခဲ့ပြီးမေလ(၈)ရက်နေ့တွင် ကိုရီးယားမင်းသမီး၏ဇာတ်ဝင်ခန်းများကိုအပြီးသတ်ရိုက်ကူးပြီးစီးမည်ဖြစ်ကြောင်းသိရသည်။ထိုဇာတ်လမ်းတွဲတွင်ရုပ်သံဇာတ်လမ်းတွဲ (၁၄)ပိုင်းနီးပါးပါရှိမည်ဟုသိရပြီးကိုရီးယားမင်းသမီးချောKim A Young (ကင်အာရောင်း)၊ ကိုရီးယားဒါရိုက်တာ Cheom Man bae (ဂျွန်မန်ဘဲ)တို့နှင့်အတူသရုပ်ဆောင်ညီသစ်ထူး၊ Studio 35 မှ သရုပ်ဆောင်သင်တန်းသားသင်တန်းသူများလည်းပူးပေါင်းပါဝင်သရုပ်ဆောင်ထား ကြောင်းလည်းသိရသည်။အဆိုပါဇာတ်လမ်းတွဲ၏ဇာတ်ဝင်ခန်းများကိုတောင်ကြီးအင်းလေး၊ ပုဂံ၊ ညောင်ဦးအစရှိသည့် မြန်မာနိုင်ငံ၏ရှုမောဖွယ်ရာဒေသများတွင်ရိုက်ကူးခဲ့ပြီးကျန်ရှိနေသောဇာတ်ဝင် ခန်းများကို ရန်ကုန်တွင်ဆက်လက်ရိုက်ကူးလျက်ရှိကြောင်းသိရသည်။ “အိပ်မက်ဆိုးမှမနိုးခင်”ဇာတ်လမ်းတွဲတွင်ပါဝင်သရုပ်ဆောင်သည့်ကိုရီးယားမင်းသမီးချောလေးကင်အာရောင်းသည်မြန်မာဘာသာစကားကို အနည်းငယ်တတ်ကျွမ်းနေပြီဖြစ်ပြီး အဆိုပါရိုက်ကွင်းတွင်ပါဝင်ရိုက်ကူး သရုပ်ဆောင်ဝိုင်းတော်သားများကလည်းသူမနှင့်အတူကိုရီးယားစကားကိုအနည်းငယ်စီတတ်ကျွမ်းပြောဆိုနေကြပြီဟုသိရသည။် မြန်မာနိုင်ငံရှိနေရာအနှံ့အပြားသွားရောက်ရိုက်ကူးခဲ့သော ကိုရီးယားမင်းသမီးကင်အာရောင်းသည်မတူညီသော ရာသီဥတုအပြောင်းအလဲကြောင့်အပူရှပ်ခြင်း၊ အအေးမိခြင်းများမှလွဲ၍ကြီးမားသောဖျားနာမှုမျိုးမရှိခဲ့ကြောင်း၊ မြန်မာတို့၏ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနှင့်မြန်မာမှုကိုကျွမ်းကျင်နေပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါ “အိပ်မက်ဆိုးမှမနိုးခင်” ရုပ်သံဇာတ်လမ်းတွဲကိုရိုက်ကူးပုံဖော်ခဲ့သည့်ဒါရိုက်တာတင်သန်းဦးသည်ထိုဇာတ်လမ်းတွဲကိုမရိုက်မီကတည်းက ကိုရီးယားရုပ်ရှင်လုပ်ငန်းနှင့် ကိုရီးယားယဉ်ကျေးမှုသဘောသဘာဝကိုသွားရောက်လေ့လာထားခဲ့ပြီးဖြစ်ကြောင်းသိရသည်။ရိုက်ကူးမှုနှင့်ပတ်သတ်၍ ကိုရီးယားနှင့် မြန်မာရိုက်ကူးမှုများမှာကွာခြားမှုသိပ်မရှိကြောင်း၊အဆိုပါဇာတ်ကားတွင်နာမည်ကြီး သရုပ်ဆောင်များကိုကမ်းလှမ်းခဲ့သော်လည်းရိုက်ရန် အဆင်မပြေကြောင်း ကိုရီးယားမင်သမီးကင်အာရောင်းမှာသရုပ်ဆောင်ပိုင်းတွင်ထက်မြက်သူဖြစ်ပြီးညွှန်ကြားသောဇာတ်ကွက်ကို Reject မရှိချက်ချင်းသရုပ်ဆောင်နိုင်သူဖြစ်ကြောင်းနှင့်အဆိုပါ“အိပ်မက်ဆိုးမှမနိုးခင်”ဇာတ်လမ်းတွဲအားမြန်မာ့အသံရုပ်မြင်သံကြား၌ဖြစ်စေ၊ မြ၀တီရုပ်မြင်သံကြား၌ဖြစ်စေ ထုတ်လွှင့်ပြသရန်စီစဉ်ထားကြောင်းဒါရိုက်တာတင်သန်းဦးကပြောကြားသည်။ Snap Shot Journal

1 comment:

Unknown said...

It is really a very informative and interesting article on the topic. You can also try to hire the best dissertation writing services UK to secure better grades for you.
dissertation writing service uk