Sunday, September 16, 2007

EMTEC အမှတ်တံဆိပ်ကွန်ပျူတာဆက် စပ်ပစ္စည်းများဈေးကွက်အတွင်းဝင်ရောက်

မြန်မာနိုင်ငံ၏ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းဈေးကွက်အတွင်းသို့ EMTECအမှတ်တံဆိပ်ကုန်ပစ္စည်းသစ်များ
စတင်ဝင်ရောက်လာကြောင်း ယင်းပစ္စည်းများကို တင်သွင်းသည့် Multi World Trade Co.,Ltd ၏ တရားဝင်
ထုတ်ပြန်ချက်အရသိရသည်။အဆိုပါကုန်ပစ္စည်းများမှာ DVD-R/+R ၂၅ ချပ်ပါဝင်သော Cake Box များ၊ SD
Card များနှင့် USB Flash Drive များဖြစ်ပြီး ခြောက်လအာမခံပေးထားကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်
ပြပါရှိသည်။ ဥရောပ နည်းပညာဖြင့် ထုတ်လုပ်ထားသည်ဟုဆိုသော EMTEC ကုန်ပစ္စည်းများကို တင်သွင်း
လျှက်ရှိသည့် Multi World Trade Co.,Ltdသည်အလားတူMASTERအမှတ်တံဆိပ်အီလက်လရွန်နစ်ပစ္စည်း
များကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ MAXELL အမှတ်တံဆိပ် Audio ပစ္စည်းများကို အ
ရောင်းကိုယ် စားလှယ် အဖြစ်လည်းကောင်း တင်သွင်းဖြန့်ချိလျက်ရှိသည်။

1 comment:

Unknown said...

It is really a very informative and interesting article on the topic. You can also try to hire the best dissertation writing services UK to secure better grades for you.
dissertation writing service uk