Sunday, September 16, 2007

မိုးကြိုးလွှဲ (Lightning Conductor) ကမိုးကြိုးကို မြေကြီး ထဲဘယ်လိုပို့တာလဲ။
လျှပ်စီးဝင်းခနဲ ပြက်လိုက်တဲ့အချိန်မှာတိမ်တိုက်တွေနဲ့ မြေပြင်ကြားကို အလွန့်အလွန်ပြင်းထန်
တဲ့ လျှပ်စစ်မီး
တောက်ကဖြတ်သန်းစီးကူးသွားပါတယ်။မိုးကြိုးလွှဲဆိုတာရှည်သွယ်သွယ်သတ္တုကြိုးပြား
လေးဖြစ်ပါတယ်။ အဲဒီကြိုးကို အဆောက်အဦး ခေါင်မိုးပေါ်ကနေအဆောက်အဦးအောက်ခြေအုတ်မြစ်
အထိ ဆက်သွယ်ပေးထားပါတယ်။လျှပ်စီးပြက်ပြီး တိမ်တိုက်ထဲက စီးဆင်းလာတဲ့လျှပ်စစ်ဓာတ်တွေကို
လူတွေဘေးကင်းအောင်မြေကြီးထဲကို ပို့ပေးလိုက်တာဖြစ်ပါတယ်။မြင့်တဲ့အဆောက်အဦးတွေကိုမိုးကြိုး
ပစ်လေ့ရှိတယ်။ဒါကြောင့်အဲဒီလိုအဆောက်အဦးတွေမှာ မိုးကြိုးလွှဲတွေတပ်ဆင်ပေးရတယ်။အဆောက်
အဦးပေါ်ကမိုးကြိုးလွှဲထိပ်မှာ လျှပ်စစ်အားအများဆုံးဖွဲ့စည်းဖြစ်ပေါ်တတ်တယ်။မိုးကြိုးလွှဲကတိမ်တိုက်
တွေထဲမှလာတဲ့လျှပ်စစ်ဓာတ်တွေကို မြေထဲကိုပို့ပေးလိုက်တယ်။အဲဒါကြောင့်အဆောက်အဦးတွေဘာ
မှ ပျက်စီးထိခိုက်မှု မရှိတာဖြစ်ပါတယ်။

1 comment:

Unknown said...

It is really a very informative and interesting article on the topic. You can also try to hire the best dissertation writing services UK to secure better grades for you.
dissertation writing service uk