Sunday, September 16, 2007

မိုက်ခရိုဝေ့ဗ်မီးဖို(Microwave Oven) တွေရဲ့လုပ်ကိုင် ဆောင်ရွက်ပုံကဘယ်လိုလဲ?
မိုင်ခရိုဝေ့ဗ်မီးဖိုတွေဟာဓာတ်ငွေ့ပေါင်းအိုး၊လျှပ်စစ်ပေါင်းအိုးတွေနဲ့မတူပါဘူး။မီးတောက်လည်းတောက်မနေ
တတ်ဘူး။ အောက်ခံပြားတွေလည်းနီရဲမနေတတ်ဘူး။ ချက်ပြုတ်ချင်တာကိုသတ္တုဘူးထဲထည့်ပေး၊ ပြီးခလုတ်
နှိပ်ရတယ်။ သတ္တုဘူးထဲကမမြင်ရတဲ့ စွမ်းအင်ရောင်ခြည်တွေထွက်လာတဲ့အခါ အစားအစာတွေကို အမြန်ဆုံး
ချက်ပြုတ်ပေးလိုက်သလိုဖြစ်သွားတယ်။မိုင်ခရိုဝေ့ဗ်မီးဖိုလို့ခေါ်တာကတော့မိုင်ခရိုဝေဗ်လို့ခေါ်တဲ့အစားအစာ
ကိုကျက်စေတဲ့ ရောင်ခြည်တွေကိုအစွဲပြုခေါ်တာပါပဲ။ မိုင်ခရိုဝေ့ဗ်တွေက ရေဒီယိုလှိုင်းတွေနဲ့တူပါတယ်။ နေ
ရောင်ခြည်တွေကပူပြင်းစေ သလိုမျိုးပဲအဲဒီရောင်ခြည်တွေကအစားအစာတွေကိုအပူဓာတ်ပေးပါတယ်။

No comments: