Sunday, September 16, 2007

နျူကလီးယားစွမ်းအင်ဟာ ဘာကြောင့် စွမ်းအားပြင်းတာလဲ။

နျူကလီးယားစွမ်းအင်ကို အဏုမြူရဲ့ ၀တ်ဆံတွေထဲရှိတဲ့အစိတ်အပိုင်း ကလေးတွေက ထုတ်ပေးပါ
တယ်။ ဒီအစိတ်အပိုင်းကလေးတွေကို အလွန်ကြီးမားတဲ့အင်အားစုကစုစည်းဖြစ်ပေါ်စေပါတယ်။အက်တမ်
ရဲ့ ၀တ်ဆံ တွေကို ခွဲလိုက်ရင် အဲဒီအင်အားတွေထွက်လာပြီးပြင်းထန်လှတဲ့စွမ်းအင်ပေါ်လာပါတယ်။ဓာတ်
ပေါင်းဖိုတစ်ခုထဲမှာ အသုံးဝင်မယ့် စွမ်းအင်ရဖို့ နျူကလီးယားတုံ့ပြန်ချက်ကိုထိန်းချုပ်ပေးရတယ်။နျူကလီး
ယား လောင်စာကတော့ ယူရေနီယံ ၂၃၅ လို့ခေါ်တဲ့ရှားပါးယူရေနီယံ သတ္တုတစ်မျိုးဖြစ်ပါတယ်။ယူရေနီယံ
၂၃၅ အက်တမ်ရဲ့ဝတ်ဆံကိုနျူထရွန်တစ်ခုနဲ့တိုက်လိုက်ရင်ဝတ်ဆံငယ်နှစ်ပိုင်းကွဲသွားတတ်တယ်။ နောက်
ထပ် နျူထရွန် တွေ လည်း ပိုထွက်လာတတ်ပါတယ်။

No comments: