Sunday, September 16, 2007

ရဟတ်ယာဉ်တွေဘာကြောင့်လေထဲမှာမရွေ့မလျား ရပ်နေနိုင်တာဘာကြောင့်လဲ
ရဟတ်ယာဉ်များတွင် ဒလက်များပါရှိပြီး ယင်းတို့ဖြင့်ရွေ့လျားပျံသန်းမှု ပြုလုပ်သည်။ လည်ပတ်
နေသော ဒလက်၏အပေါ်မျက်နှာပြင်နှင့် အောင်မျက်နှာပြင်တို့သည် လေထုကိုဖြတ်သန်းသွားပြီး ၎င်း
ကဖိအားနည်းရပ်ဝန်း
တစ်ခုဖြစ်စေကာ အပေါ်သို့ပြန်တက်သည်။ ထို့ကြောင့်ရဟတ်ယာဉ်များသည်မိုး
ပေါ်သို့ပြန်တက်ရန်အတွက်လေယာဉ်ပျံများကဲ့သို့ပြေးလမ်းတွင်အရှိန်ယုပြန်တက်ရန်မလိုပေ။ပျံတက်
မှုကိုဒလက်များ၏ လည်ပတ်မှုဖြင့်ထိန်းချုပ်သည်။ဒလက်လည်ပတ်မှုအရှိန်များပါကပျံတက်ရှိန်လည်း
တိုးလာပြီး ရဟတ်ယာဉ်ပျံတက်ကာဒလက်လည်ပတ်မှု အရှိန်လျော့ပါကပျံတက်ရှိန်လျော့ကာရဟတ်
ယာဉ်ဆင်းသက်နိုင်ပြီဖြစ်သည်။ kရဟတ်ယာဉ်များလေထဲတွင်မရွေ့မလျားနေနိုင်ခြင်းကလေယာဉ်မှူး
က ကမ္ဘာမြေကြီးဆွဲအားကို ခံနိုင်ရည်ရှိသောအနေအထားရောက်အောင်ဒလက်၏အရှိန်ကိုထိန်းထား
ခြင်းကြောင့်ဖြစ်သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

No comments: