အင်္ဂလန်ပရိသတ်များ၏မုန်းတီးမှုကြောင့် ပို၍တိုးတက်လာခဲ့သူ စီရိုနယ်ဒို
ပြီးခဲ့သည့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်က အင်္ဂလန်တိုက်စစ်မှူး ဝိန်းရွန်နေးအားအနီကဒ်ဖြင့် ပြိုင်ပွဲမှထွက်ခွာစေ
ခဲ့သူ ပေါ်တူဂီလက်ရွေးစင် စီရိုနယ်ဒိုမှာ မန်ယူအသင်းသို့ပြန်ရောက်ချိန်တွင် အင်္ဂလန် ပရိသတ်များစွာ၏မုန်းတီးမှုကိုခံခဲ့
ရလေသည်။ သို့ရာတွင် ယင်းအချက်ကပင် သူ့အားအောင်မြင်မှုများရရှိရန်၊ ခြေစွမ်းများထက်မြက်လာစေရန်စွမ်းဆောင်
ပေးနိုင်ခဲ့သည်ဟုစီရိုနယ်ဒိုကပြောဆိုခဲ့သည်။အင်္ဂလန်ကိုပြန်ရောက်ချိန်မှာကျွန်တော်ဝေဖန်မှုတွေအများကြီးခံခဲ့ရတယ်။
အဲ့ဒါ တကယ့်ကိုစိတ်ပျက်စရာပါပဲ။ ဒါပေမယ့်အဲဒီအချက်ကပဲကျွန်တော့်ကိုတခြားကောင်းတာတွေဖြစ်လာစေခဲ့ပါတယ်။
ကျွန်တော့်ကိုပိုပြီးရင့်ကျက်အောင်၊ပိုပြီးအစွမ်းပြနိုင်အောင်ပြုလုပ်နိုင်ခဲ့တယ်လို့ထင်တယ်။ ရွန်နေးဆိုတာကလည်း ကျွန်
တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကောင်း တစ်ယောက်ပါ။ သူနဲ့အတူ တွဲကစားရတာကျွန်တော့်အတွက်တော့ဂုဏ်ယူစရာ
ပါပဲ။ အင်္ဂလန်မှာ ပရိသတ်တွေဟာကစားသမားတွေအတွက်အကောင်းဆုံးအင်အားတစ်ရပ်ပါပဲဗျာဟုစီရိုနယ်ဒိုကဆက်
လက်ပြောဆိုခဲ့သည်။ ရိုနယ်ဒို၏ ၃ ပွဲပယ်ပြစ်ဒဏ်မှာစေ့သွားပြီဖြစ်သဖြင့် ယနေ့ညနေ၌ အဲဗာတန်နှင့်ကစားမည့်ပွဲတွင်
ပြန်လည်တွေ့မြင်ရတော့မည်ဖြစ်သည်။
၁၅.၉.၂၀၀၇
No comments:
Post a Comment