| ဂျပန်ဘာသာနှင့်တွဲသင်ကြားမည့် ဆော့ဖ်ဝဲအင်ဂျင်နီယာသင်တန်း ဖွင့်လှစ် |
| |
| ဂျပန်နိုင်ငံတွင် ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် အသက်မွေးလိုသူများအတွက်ဂျပန်ဘာသာစကားနှင့် တွဲဖက်သင်ကြားပို့ ချသောဆော့ဖ်ဝဲအင်ဂျင်နီယာသင်တန်းကိုမန္တလေးမြို့ရတနာပုံဆိုက်ဘာတက်တွင်ဖွင့်လှစ်ထားသည့်အဇူရီကွန်ပျူတာ သင်တန်း၌ တက်ရောက်နိုင်ကြောင်း သိရသည်။သင်တန်းအဆင့်ဆင့်အောင်မြင်ပြီးပါက အရည်အချင်းပြည့်မီသူများကို ဂျပန်နိုင်ငံရှိ ဆော့ဖ်ဝဲကုမ္ပဏီများတွင် အလုပ်သင်အဖြစ် သွားရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဟု အဇူရီကွန်ပျူတာသင်တန်းမှ မန်နေဂျာ ဦးစိုင်းရန်နိုင်ကပြောကြားသည်။ |
Sunday, September 16, 2007

| Card Reader |
| |
| MSI အမျိုးအစား Card Reader ဖြစ်ပါတယ်။ Star Reader လို့ အမည်ရပြီး သူ့ရဲ့အားသာချက်က SIM ကတ် အပါအ၀င် SD Mini SD, Micro SD, MMC, RSMMC, MMC Mobile, MMC Micro CF,MD, MS DUO စတဲ့ အမျိုးအစားပေါင်း ၅၂မျိုးကို ဖတ်နိုင်ပါတယ်။ USB 2.0 နဲ့ အဆင်ပြေပြီး USB storage ကို supportလုပ်နိုင်ပါတယ်။ စက်ကို ကိုင်တွယ်ရတာအဆင်ပြေ ပြီး Installation လုပ်ရတာလွယ်ကူပါတယ်။ တန်ဖိုးက ကျပ် ၂၃၀၀၀ ကျော်ဖြစ်ပါတယ်။ |
| EMTEC အမှတ်တံဆိပ်ကွန်ပျူတာဆက် စပ်ပစ္စည်းများဈေးကွက်အတွင်းဝင်ရောက် |
| |
| မြန်မာနိုင်ငံ၏ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းဈေးကွက်အတွင်းသို့ EMTECအမှတ်တံဆိပ်ကုန်ပစ္စည်းသစ်များ စတင်ဝင်ရောက်လာကြောင်း ယင်းပစ္စည်းများကို တင်သွင်းသည့် Multi World Trade Co.,Ltd ၏ တရားဝင် ထုတ်ပြန်ချက်အရသိရသည်။အဆိုပါကုန်ပစ္စည်းများမှာ DVD-R/+R ၂၅ ချပ်ပါဝင်သော Cake Box များ၊ SD Card များနှင့် USB Flash Drive များဖြစ်ပြီး ခြောက်လအာမခံပေးထားကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော် ပြပါရှိသည်။ ဥရောပ နည်းပညာဖြင့် ထုတ်လုပ်ထားသည်ဟုဆိုသော EMTEC ကုန်ပစ္စည်းများကို တင်သွင်း လျှက်ရှိသည့် Multi World Trade Co.,Ltdသည်အလားတူMASTERအမှတ်တံဆိပ်အီလက်လရွန်နစ်ပစ္စည်း များကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ MAXELL အမှတ်တံဆိပ် Audio ပစ္စည်းများကို အ ရောင်းကိုယ် စားလှယ် အဖြစ်လည်းကောင်း တင်သွင်းဖြန့်ချိလျက်ရှိသည်။ |
| မိုက်ခရိုဝေ့ဗ်မီးဖို(Microwave Oven) တွေရဲ့လုပ်ကိုင် ဆောင်ရွက်ပုံကဘယ်လိုလဲ? |
| |
| မိုင်ခရိုဝေ့ဗ်မီးဖိုတွေဟာဓာတ်ငွေ့ပေါင်းအိုး၊လျှပ်စစ်ပေါင်းအိုးတွေနဲ့မတူပါဘူး။မီးတောက်လည်းတောက်မနေ တတ်ဘူး။ အောက်ခံပြားတွေလည်းနီရဲမနေတတ်ဘူး။ ချက်ပြုတ်ချင်တာကိုသတ္တုဘူးထဲထည့်ပေး၊ ပြီးခလုတ် နှိပ်ရတယ်။ သတ္တုဘူးထဲကမမြင်ရတဲ့ စွမ်းအင်ရောင်ခြည်တွေထွက်လာတဲ့အခါ အစားအစာတွေကို အမြန်ဆုံး ချက်ပြုတ်ပေးလိုက်သလိုဖြစ်သွားတယ်။မိုင်ခရိုဝေ့ဗ်မီးဖိုလို့ခေါ်တာကတော့မိုင်ခရိုဝေဗ်လို့ခေါ်တဲ့အစားအစာ ကိုကျက်စေတဲ့ ရောင်ခြည်တွေကိုအစွဲပြုခေါ်တာပါပဲ။ မိုင်ခရိုဝေ့ဗ်တွေက ရေဒီယိုလှိုင်းတွေနဲ့တူပါတယ်။ နေ ရောင်ခြည်တွေကပူပြင်းစေ သလိုမျိုးပဲအဲဒီရောင်ခြည်တွေကအစားအစာတွေကိုအပူဓာတ်ပေးပါတယ်။ |
| ဓာတ်ပြားတွေ(Records)ကို ဘယ်လိုလုပ်ထားတာလဲ။ |
| |
| အများဆုံး အသံသွင်းယူတာတွေကတော့ တိတ်ခွေနဲ့ကူးယူထားကြပါတယ်။ အဲဒီ တိတ်ခွေက မူရင်း |
| နျူကလီးယားစွမ်းအင်ဟာ ဘာကြောင့် စွမ်းအားပြင်းတာလဲ။ |
| |
| နျူကလီးယားစွမ်းအင်ကို အဏုမြူရဲ့ ၀တ်ဆံတွေထဲရှိတဲ့အစိတ်အပိုင်း ကလေးတွေက ထုတ်ပေးပါ |
| မိုးကြိုးလွှဲ (Lightning Conductor) ကမိုးကြိုးကို မြေကြီး ထဲဘယ်လိုပို့တာလဲ။ |
| |
| လျှပ်စီးဝင်းခနဲ ပြက်လိုက်တဲ့အချိန်မှာတိမ်တိုက်တွေနဲ့ မြေပြင်ကြားကို အလွန့်အလွန်ပြင်းထန် တဲ့ လျှပ်စစ်မီးတောက်ကဖြတ်သန်းစီးကူးသွားပါတယ်။မိုးကြိုးလွှဲဆိုတာရှည်သွယ်သွယ်သတ္တုကြိုးပြား လေးဖြစ်ပါတယ်။ အဲဒီကြိုးကို အဆောက်အဦး ခေါင်မိုးပေါ်ကနေအဆောက်အဦးအောက်ခြေအုတ်မြစ် အထိ ဆက်သွယ်ပေးထားပါတယ်။လျှပ်စီးပြက်ပြီး တိမ်တိုက်ထဲက စီးဆင်းလာတဲ့လျှပ်စစ်ဓာတ်တွေကို လူတွေဘေးကင်းအောင်မြေကြီးထဲကို ပို့ပေးလိုက်တာဖြစ်ပါတယ်။မြင့်တဲ့အဆောက်အဦးတွေကိုမိုးကြိုး ပစ်လေ့ရှိတယ်။ဒါကြောင့်အဲဒီလိုအဆောက်အဦးတွေမှာ မိုးကြိုးလွှဲတွေတပ်ဆင်ပေးရတယ်။အဆောက် အဦးပေါ်ကမိုးကြိုးလွှဲထိပ်မှာ လျှပ်စစ်အားအများဆုံးဖွဲ့စည်းဖြစ်ပေါ်တတ်တယ်။မိုးကြိုးလွှဲကတိမ်တိုက် တွေထဲမှလာတဲ့လျှပ်စစ်ဓာတ်တွေကို မြေထဲကိုပို့ပေးလိုက်တယ်။အဲဒါကြောင့်အဆောက်အဦးတွေဘာ မှ ပျက်စီးထိခိုက်မှု မရှိတာဖြစ်ပါတယ်။ |